ဝက်ခြံကြောင့်ဖြစ်တဲ့ အမည်းစက်တွေကို ဘယ်လိုရင်ဆိုင်မလဲ
ဝက်ခြံ ဒါမှမဟုတ် အရေပြားမှာဖြစ်တဲ့ ဒဏ်ရာတွေကတဆင့် ကြွင်းကျန်ရစ်တဲ့ အမာရွတ်တွေ၊အမည်းစက်တွေဟာ ယေဘုယျအားဖြင့် အချိန်ကြာလာတာနဲ့အမျှ အလိုလို ပျောက်ကွယ်သွားလေ့ ရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဒီအမည်းစက်တွေ လုံးဝပျောက်ကွယ်သွားဖို့ နှစ်နဲ့ချီပြီးတော့လည်း ကြာတတ်ပြန်ပါတယ်။ ဓာတ်မတည့်ခြင်း ဒါမှမဟုတ် အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အမည်းစက်တွေကတော့ အလိုလိုပျောက်မသွားရုံသာမက အချိန်ကြာလာလေ ပိုလို့ဆိုးလာလေတောင် ဖြစ်သွားနိုင်ပါတယ်။ စိတ်ရှည်ပါ။ · ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းဖို့ အဓိကသော့ချက်က စိတ်ရှည်ဖို့ပဲ ဖြစ်ပါတယ်။ ဝက်ခြံဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာလို့ အမာရွတ်တွေထွက်လာပြီဆိုရင် အဆိုပါနေရာကို သွေးနဲ့အာဟာရတွေ ထောက်ပံ့ပေးဖို့အတွက် သွေးကြောအသစ်တွေ ရောက်ရှိလို့ လာပါပြီ။ ဒါကြောင့် ဖြစ်ခါစ အမာရွတ်အများစုဟာ ပန်းရောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ · လအနည်းငယ်ကြာတဲ့အခါ collagen (ကော်လဂျင်) ဓာတ်တွေ စတင်ဖြစ်ပေါ်လာပြီး အမာရွတ်ဖြစ်နေတဲ့ နေရာမှာ စုပုံလို့ လာပါတယ်။ အရည်ကြည်လေးတွေပါဝင်တဲ့ ဝက်ခြံဟာ အရေပြားနဲ့ အဆီတွေကို ဖျက်ဆီးပစ်လိုက်နိုင်တဲ့အတွက် အမာရွတ်တွေ ပျောက်ကွယ်သွားဖို့ နှစ်နဲ့ချီပြီး အချိန်ယူရတာ ဖြစ်ပ...